Pancreatic Cancer (မုန့်ချိုအိတ်ကင်ဆာ)
16-Aug-2018မုန့်ချိုအိတ်သည် ဝမ်းဗိုက်အတွင်း
အစာအိမ်နောက်ပိုင်းတွင်ရှိသော အင်္ဂါတစ်ခုဖြစ်ပြီး အစာချေရန်နှင့်
သွေးတွင်းသကြားဓာတ်များကို ထိန်းညှိရန် အင်ဇိုင်းများထုတ်ပေးသည်။
မုန့်ချိုအိတ်ကင်ဆာမှာ လျင်မြန်စွာ ပျံ့နှံ့တတ်သည်။
လက္ခဏာများ
မုန့်ချိုအိတ်ကင်ဆာ၏ လက္ခဏာများမှာ
ရောဂါပြင်းထန်လာချိန်မှသာ ပေါ်ပေါက်လာတတ်သည်။
ရောဂါလက္ခဏာများအနေဖြင့်
·
ဝမ်းဗိုက်အထက်ပိုင်း အောင့်ခြင်း၊
ကျောဘက်ထိအောင် ပျံ့နှံ့၍အောင့်ခြင်း
·
အသားအရေနှင့် မျက်လုံးများ ဝါခြင်း
·
အစားအသောက်ပျက်ခြင်း
·
ကိုယ်အလေးချိန် သိသိသာသာ
လျော့ကျသွားခြင်း
·
စိတ်ဓာတ်ကျခြင်း
·
သွေးခဲများ ဖြစ်ပေါ်ခြင်း (
အများအားဖြင့် ခြေထောက်ရှိ သွေးပြန်ကြောများတွင် အဖြစ်များသည်။)
ဖြစ်ပွားရသော အကြောင်းရင်းများ
မျိုးရိုးဗီဇဆိုင်ရာပစ္စည်း ( DNA ) မူမမှန်
ပြောင်းလဲမှုကြောင့် မုန့်ချိုအိတ်အတွင်းရှိ ဆဲလ်များမထိန်းနိုင် မသိမ်းနိုင်
ပွားလာသည်။ ထိုမူမမှန်ဆဲလ်များသည် မုန့်ချိုအိတ်ရှိ
ပုံမှန်ဆဲလ်များသေဆုံးသွားသော်လည်း မပျက်စီးဘဲ ဆက်လက်ကျန်ရှိနေတတ်သည်။ ထိုဆဲလ်များ
စုပုံလာရာမှ မုန့်ချိုအိတ်အတွင်းအလုံးတည်ခြင်း မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားလာရသည်။
မုန့်ချိုအိတ်ကင်ဆာ အများစုသည် မုန့်ချိုအိတ်အတွင်းပြွန်ရှိဆဲလ်များမှ
စတင်လေ့ရှိသည်။
အဖြစ်များသူများ
·
အာဖရိကန် - အမေရိကန်လူမျိုးများ
·
အလွန်ဝသူများ
·
နာတာရှည်
မုန့်ချိုအိတ်ရောင်ရမ်းသူများ
·
ဆီးချိုသွေးချိုရှိသူများ
·
မိသားစုတွင်း မျိုးရိုးဗီဇဆိုင်ရာ
ရောဂါရှိသူများ (Genetic Syndrome)
·
မျိုးရိုးတွင်
မုန့်ချိုအိတ်ကင်ဆာရှိသူများ
·
ဆေးလိပ်သောက်သူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
မုန့်ချိုအိတ်ကင်ဆာ၏ နောက်ဆက်တွဲ ပြဿနာများအနေဖြင့်
·
မျက်လုံးနှင့် အသားများဝါခြင်း၊
ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း
·
မုန့်ချိုအိတ်ကင်ဆာအလုံးမှာ
အူသိမ်အတွင်းသို ပျံ့နှံ့သွားခြင်း၊ အူသိမ်အပေါ်တွင် ဖိမိခြင်းတို့ကြောင့်
အူလမ်းကြောင်း ပိတ်ခြင်း
·
ကိုယ်အလေးချိန် သိသိသာသာ
လျော့ကျသွားခြင်း တို့ဖြစ်ပွားနိုင်ပါသည်။
စစ်ဆေးခြင်း
ရောဂါလက္ခဏာများအရ
မုန့်ချိုအိတ်ကင်ဆာဟု သံသယရှိပါက
·
ကိုယ်တွင်းအင်္ဂါများကို
မြင်တွေ့နိုင်သော ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း ( CT) ၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း
( MRI ) တို့ကို ပြုလုပ်နိုင်သည်။
·
မုန့်ချိုအိတ်ပြွန်အတွင်းသို့
ရောင်ခြယ်အရည်များထိုးသွင်းပြီး မှန်ပြောင်းဖြင့် စစ်ဆေးခြင်း ( Endoscopic
retrograde cholangiopancreatography )
·
မုန့်ချိုအိတ်မှ အသားစယူ၍ စစ်ဆေးခြင်း
·
သွေးစစ်ခြင်း တို့ကို
ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
မုန့်ချိုအိတ်ကင်ဆာသည် ဖြစ်ပွားသော
နေရာနှင့် အဆင့်ကို လိုက်၍ ကုသပုံများ
ကွာခြားနိုင်သည်။
·
မုန့်ချိုအိတ်ဦးပိုင်းရှိ
ကင်ဆာအလုံးအကျိတ်ကို ဖြတ်ထုတ်ခြင်း
·
မုန့်ချိုအိတ်
အမြီးပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းရှိ အကျိတ်ကို ဖြတ်ထုတ်ခြင်း
·
ဓာတ်ရောင်ခြည်ဖြင့်
ကုသခြင်း
·
ကင်ဆာဆေးများသွင်း၍
ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ကာကွယ်ခြင်း
ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်
·
ဆေးလိပ်သောက်ခြင်းကို
ရှောင်ကျဉ်ခြင်း
·
အဝမလွန်စေရန်
ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
·
ကျန်းမာရေးနှင့်
ညီညွတ်သော အစားအစာများကိုသာ စားသောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
Lei
Healthcare.com.mm
Ref; Mayo Clinic